ဒီဇင်ဘာ - ၁၅ ( တနင်္လာနေ့ )
အဖိုးဖြစ်သူက နာဇီပါတီဝင်တစ်ဦးဖြစ်ခဲ့တဲ့ လက်ရှိ ဂျာမန်အဓိပတိ ဖရိုင်ဒရစ် မားဇ် က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဒုတိယကမ္ဘာစစ်ကို မီးမွေးခဲ့တဲ့ ဂျာမန်အဓိပတိ အဒေါ့ဖ်ဟစ်တလာနှင့် နှိုင်းယှဉ်လိုက်ပါတယ်။
မားဇ် မိခင်ဘက်က အဖိုးတော်စပ်သူ ဂျိုးဇတ်ပေါ်ဆူဗစ်နီ က ဘရီလွန်မြို့တော်ဝန်အဖြစ် ၁၉၁၇ မှ ၁၉၃၇ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ အစပိုင်းတွင် ရှေးရိုးစွဲဗဟိုပါတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မားဇ်ရဲ့ အဖိုးက နာဇီပါတီ အာဏာရလာပြီးနောက်ပိုင်း ၁၉၃၀ ခုနှစ် အစောပိုင်းတွင် ဟစ်တလာ ရဲ့ NSDAP သို့ ဝင်ရောက်ခဲ့ပါတယ်။
မနေ့က မြူးနစ်တွင် ပြုလုပ်သည့် ခရစ်ယာန် ဒီမိုကရက်တစ် သမဂ္ဂ ညီလာခံတွင် ဆိုဗီယက်ယူနီယံ နယ်နိမိတ်ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေတယ်လို့ မားဇ် က ပူတင်ကို စွပ်စွဲခဲ့ပါတယ် ။
“ယူကရိန်းပြိုကျရင်လည်း သူကရပ်တန့်သွား မှာမဟုတ်ဘူး။ ၁၉၃၈ ခုနှစ်တုန်းက ဟစ်တလာက ဆူဒီတန်လန်း ရခဲ့ပေမဲ့ သူ့အတွက် မလုံလောက်သလို ပူတင်အတွက် လည်း အဲ့လိုပဲဖြစ်မှာပါ ။ ရပ်မှာမဟုတ်ဘူး” လို့ အဲ့ဒိအချိန်တုန်းက ဗြိတိန်နှင့် ပြင်သစ်တို့က နာဇီဂျာမနီအား ချက်ကိုစလိုဗက်ကီးယားကို သိမ်းပိုက်ခွင့်ပြုလိုက်တဲ့ အချိန်နဲ့ ရည်ညွှန်းကာပြောလိုက်တာပါ။
ရုရှားကို နေတိုးက အရင်မတိုက်ခိုက်ဘဲနဲ့ ရုရှားကကျူးကျော် တိုက်ခိုက်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပူတင်က ထပ်ခါတလဲလဲ ပြောခဲ့ပေမဲ့ အနောက်အုပ်စုခေါင်းဆောင်အချို့က လက်မခံနိုင်ဘူး ဖြစ်နေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက နာဇီဂျာမနီကို အနိုင်ယူရာတွင် ဆိုဗီယက်ယူနီယံရဲ့ အဆုံးအဖြတ်အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားဖို့ နဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေက အရေးပါပါတယ်လို့ ပူတင်က ပြောထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ရုရှား နိုင်ငံအတွင်း လီနင်ဂရက်တိုက်ပွဲမှာ ပူတင်ရဲ့ အကို အပါအဝင် ရုရှားသား ၂၇ သန်းခန့် သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မော်စကိုမြို့ မှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့တွင် မိန့်ခွန်းပြောရာတွင် ပူတင်က "အနောက်ကမ္ဘာလုံးဆိုင်ရာ အထက်တန်းလွှာများ" က ရုရှားကြောက်ဝါဒ စွဲလမ်းနေပြီး ပြင်းထန်သော အမျိုးသားရေးဝါဒကို လှုံ့ဆော်နေတယ် လို့ ပြောခဲ့ပါတယ်။
နေတိုးရဲ့နယ်မြေချဲ့ထွင်မှု ရယ် ယူကရိန်း နဲ့အနောက်နိုင်ငံများရဲ့ စစ်ရေးဆက်ဆံမှု ကြီးထွားလာမှုက လက်ရှိပဋိပက္ခရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုပြီး ပူတင်ဆိုထားပါတယ်။ လွန်ခဲ့တဲ့လကလည်း အနောက်နိုင်ငံများက ရုရှားကို “ဖြုတ်ချရန်” ကြိုးပမ်းနေပြီး ရုရှားရဲ့ အချုပ်အခြာအာဏာကို ဖယ်ရှားရန် ကြိုးပမ်းနေကြောင်း ၎င်းက စွပ်စွဲခဲ့ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment