တောင်တွင်းကြီး ၊ ဒီဇင်ဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော တံတားလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦး၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနမှ အင်ဂျင်နီယာများ၊ မြို့နယ်ကျေးလက်လမ်းတာဝန်ရှိသူ အင်ဂျင်နီယာများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့မှ ဆောင်ရွက်သော တောင်တွင်း - မကွေးကားလမ်းမှ မြင်းစုလမ်းပေါ်ရှိ Submersible Bridge (၄၀၀)ပေ (၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။
နောင်နောင် (ဗိဿနိုးမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment