မုံရွာ ၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၇ ရက်၊ နံနက် ပိုင်းတွင်စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်ဝန်းအတွင်း၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့်ကျေးရွာများမှ လူနေ အိမ်အဆောက်အဦများအား သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများ ခွဲဝေဖြန့် ဖြူးပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည် တည်ဆောက်နေမှုအားကြည့်ရှုခဲ့ကြပြီး စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များအား လိုက် လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင် ကားကြီးများနှင့် တွဲကားကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက် ကတို့များဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား တွေ့ဆုံ၍ ပြည်သူ များနေ့စဉ်အသုံးပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများနှင့် လူသုံးကုန်ပစ္စည်း များကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဇက်ကတို့ဖြင့် နေ့စဉ်မော်တော်ယာဉ် ကြီးများအား အစီးရေများစွာသည်ယူပို့ဆောင်သွားရေးတို့အား တာဝန်ရှိသူများအဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည့်စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ် တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန် ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အားဖြည့်စွက်ဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့ အတွက်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေ သည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံမှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာ ဧည့်ခန်းမ၌ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့နယ်အတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် စစ်ကိုင်းမြို့ပေါ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မဲဆန္ဒရှင်ပြည် သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရးနှင့် မိမိတို့ရပ်ကွက် များအတွင်း တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက် နေသည့် စစ်ကိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ် ငန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့်လက်ဆွဲ မျိုစေ့ကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယား ဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့် လက်ဆွဲမျိုစေ့ကိရိယာများ ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က စစ်ကိုင်းခရိုင် ဆီထွက်သီးနှံများ၊ ဆောင် သီနှံများ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့် လက်ဆွဲမျိုစေ့ကိရိယာများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား သို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား စားသုံးဆီများဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနုကျွန်းပေါ်၌ ဆီထွက်သီးနှံ (နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရေဆင်းစပ်မျိုးနေကြာ-၁ များစိုက်ပျိုး ထားရှိမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment