ညောင်ဦး ၊ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ အမှတ်(၃)၊ငှက်ပစ်တောင်ရပ်၊ မိုးကုတ်ဝိပဿနာရိပ်သာဘေး၌ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်သည့်နေရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းနှင့် မီးသတ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့်မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် ရောက်ရှိမီးငြှိမ်းသတ်ရာ ၄ နာရီ ၅၀ မိနစ်ခန့်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်လူနေအိမ် ၂ လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment