ဒီဇင်ဘာ - ၂၇ ( စနေနေ့ )
ယူကေအခြေစိုက် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများသုတေသနစင်တာ (CEBR) က ငွေကြေးဖောင်းပွမှု နဲ့ ဖွံ့ဖြိုးမှုနိမ့်ကျမှုတွေကြောင့် ယူကေရဲ့လူနေမှုအဆင့်အတန်းက တဖြည်းဖြည်းကျဆင်းလာပြီး စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနောက်သို့ ရောက်သွားမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။
သောကြာနေ့က ထုတ်ပြန်ခဲ့သော CEBR ရဲ့ နှစ်စဉ်ကမ္ဘာ့စီးပွားရေးဇယားတွင် ဖော်ပြထားသော ခန့်မှန်းချက်မှာ ယူကေသည် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ GDP တစ်နိုင်ငံချင်းအဆင့်တွင် အဆင့် ၁၉ မှ ၂၂ သို့ ကျဆင်းသွားမည်ဖြစ်ပြီး ဟောင်ကောင်၊ ဖင်လန်နှင့် ယူအေအီး တို့က ၎င်းကို ကျော်တက်သွားမှာဖြစ်ပါတယ်။ လက်ရှိအနေအထားတိုင်း ဆိုရင် ဗြိတိသျှတို့ရဲ့ လူနေမှုအဆင့်အတန်းက ၂၀၃၅ မှာ ၎င်းရဲ့ ကိုလိုနီ နိုင်ငံဟောင်းဖြစ်တဲ့ မော်လ်တာထက်တောင် နေက်ကျသွားဖွယ်ရာရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်လာဈေးအရ ဆိုရင် ယူကေနိုင်ငံသား ပျှမ်းမျှ တစ်ဦးချင်းဝင်ငွေက လာမည့်နှစ်မှာ ဒေါ်လာ ၅၈၇၇၅ သာရမှာဖြစ်ပါတယ်။ အစီရင်ခံစာအရ ဗြိတိန်ရဲ့ တစ်ဦးချင်း GDP တိုးတက်မှုနှုန်းသည် လာမည့်ငါးနှစ်အတွင်း စက်မှုထိပ်သီး ၇ နိုင်ငံ (G7 တွင်) ဒုတိယအနိမ့်ဆုံးအဖြစ် ဂျပန်နိုင်ငံ အနောက်သို့ ရောက်သွားမှာ ဖြစ်ပါတယ်။
CEBR ဘောဂဗေဒပညာရှင် ပွစ်ရှစ်ပင်ဆင်းဂ် က ယူကေသည် ငွေကြေးဖောင်းပွမှု၊ ကြွေးမြီမြင့်မားမှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျမှုကြောင့် စိန်ခေါ်မှုကို ၃ ဆ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။ “နိုင်ငံတော်အသုံးစရိတ်ကို ကျုံ့နိုင်စွမ်းမရှိခြင်း” က ပြိုင်ဘက်နိုင်ငံများအပေါ် ယှဉ်ပြိုင်နိုင်စွမ်းကို ဆုတ်ယုတ်သွားစေကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။
တရားဝင်အချက်အလက်များအရ ဗြိတိန်အိမ်ထောင်စုများသည် Covid-19 ကပ်ရောဂါမတိုင်မီကထက် ပိုမိုဆင်းရဲနေသေးကြောင်း ပြသထားပြီး၊ နှစ်ရှည်နေထိုင်မှုစရိတ်စက အကျပ်အတည်းကြားတွင် တစ်ဦးချင်းဝင်ငွေသည် ၂၀၁၉ အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သေးကြောင်း ပြသထားပါတယ်။
REF: RT
#News #MNP #International

No comments:
Post a Comment