ပေါင်၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ ကျေးရွာအလိုက် မဲစာရင်း လာရောက်ကြည့်ရှုရန်နှင့် နိုင်ငံသားတိုင်း မဲပေးကြရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။
အသိပေးနှိုးဆော်ရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင် ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊သက်ဆိုင်ရာမဲရုံများတွင် လည်းကောင်း၊ ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲရုံသို့ သွားရောက် မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါစွဲကပ်နေသူများ၊ သားဖွားနေသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ-၁၃ ဖြင့် လျှောက်ထားနိုင်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် ကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး ဇန်နဝါရီလ (၁၁)ရက်နေ့တွင် နံနက်(၆)နာရီမှ ညနေ (၄)နာရီအထိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်ဆန္ဒမဲပေးကြရန် အသိပေးနှိုးဆော်ပါကြောင်းတို့ကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ တာဝန်ရှိသူတို့မှ လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး
#News #MNP #2025Election





No comments:
Post a Comment