ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိ



နေပြည်တော်၊ ဒီဇင်ဘာ ၃၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် မင်းဘူးမြို့၊ ကန်ရေကျေးရွာအနီး၌ သတင်းအရစောင့် ဆိုင်းစဉ်တွင် အောင်ဇင်ဝင်း(ခ)ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့် လိုက်ပါလာသည့် CANTER ၆ ဘီး ယာဉ်ပေါ်အား စစ်ဆေးရာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ)ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆက်လက်ဖော်ထုတ်ချက်များအရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့သယ်ဆောင်၍ နေအိမ်၌ သိုဝှက် ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့မှ မင်းတုန်းမြို့သို့ တာဝန်ခံသယ်ဆောင်သည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့ ၂ ဦးအား ဒီဇင်ဘာလ ၂၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးမြို့၊ နတ်မောက်လမ်းရှိ မကွေးဟိုတယ်၌ SUPER CUSTOM ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ယာဉ် ၁ စီးကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ်၊ ဆည်လေးကျေးရွာနေ မင်းမင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ မင်းတုန်းမြို့သို့ လည်း ကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက်သယ်ဆောင် ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော် ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)