ညောင်ဦး ၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာများကို ယမန်နေ့ နံနက် ၉ နာရီခွဲက လူစည်ကားရာနေရာများတွင် စိုက်ထူထားရှိကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး စိုင်းဘုတ်တွင် ဒို့အတူတူမဲပေးကြမယ်နှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာများကို မဏိစည်သူဈေးအဝိုင်းပတ်တွင်လည်ကောင်း၊ ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းဘေးဝဲယာတွင်လည်း ကောင်း၊ ဘုရားနီလမ်းဆုံတွင်လည်းကောင်း၊ ပုဂံမြို့သစ်ဈေးကြီးရှေ့တွင်လည်းကောင်း၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်ဝန်ထမ်းများက မြေစိုက်ပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment