ပျော်ဘွယ် ၊ ဒီဇင်ဘာ ၉
ပျော်ဘွယ်မြို့နယ်တွင် မကြာမီကာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ရွေးကောက်ပွဲကာလအကြို မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းအား ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်ရှိ မဲရုံအဖြစ် သတ်မှတ်ထားသည့်နေရာများ၌ ဆောင်ရွက်ကြသည်။
မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးညွန့်အောင်နှင့်တပ်ဖွဲ့ဝင်များ ဦးဆောင်၍ မဲရုံအဖြစ်ပြုလုပ်မည့်စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးမှူးရုံးများ၌ မီးဘေးကြိုတင်ကာကွယ် ရေးစစ်ဆေးခြင်း၊ အနီးဝန်းကျင်မှနေအိမ်များ မီးလန့်မှုမဖြစ်ပေါ်စေရန်အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့်လည်း မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment