ဖောင်းပြင် ၊ ဒီဇင်ဘာ ၉
ဖောင်းပြင်မြို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ် (၁) နာရီအချိန် က ဖောင်းပြင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ပြုလုပ်ခဲ့သည်။
၂၀၂၅ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စမ်းသပ် စစ်ဆေးရာတွင် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊စက်ပိုင်းဆိုင် စက်ချို့ယွင်းမှုရှိ/မရှိတို့ကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များ၊ မြန်မာအီလက်ထ ရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာ အထောက် အကူပြုအဖွဲ့ဝင်များက ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြသည်။
ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စစ်ဆေးရာသို့ဖောင်းပြင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့၀င်များ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များ၊ မြို့နယ်အီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မြို့နယ်မဲပေးစက်ဆိုင်ရာနည်းပညာ အထောက်အကူပြု အဖွဲ့၀င်များက စမ်းသပ်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment