ဒီဇင်ဘာ - ၃၁ ( ဗုဒ္ဓဟူးနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ သမ္မတနေအိမ်ကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီက အထူး စိတ်ပူမိကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် က နော့ဂိုရော့ဗ် ဒေသရှိ ပူတင်ရဲ့နေအိမ်ကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက် ညအထိ တာဝေးတိုက်ခိုက်မှု ဒရုန်း ၉၁ စင်းကို ယူကရိန်းက ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့ပါတယ်။ ဒရုန်းတွေ အားလုံးကို ကြားဖြတ်ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး အသေအပျောက်နှင့် ပစ္စည်းဆုံးရှုံးမှုများမရှိကြောင်း ၎င်းကဆိုပါတယ်။
"ရုရှားဖက်ဒရေးရှင်းသမ္မတရဲ့နေအိမ်ကို ပစ်မှတ်ထားခံရတဲ့ အစီရင်ခံစာများအတွက် အလွန်စိုးရိမ်မိ ပါတယ်" လို့ မိုဒီက ၎င်းရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ မနေ့က အင်္ဂလိပ်နှင့် ရုရှားဘာသာ တို့ဖြင့် ရေးတင်ခဲ့ပါတယ်။ ဆက်လက်ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုများကသာ ရန်လိုမှုများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေး အတွက် အထိရောက်ဆုံး လမ်းကြောင်းဖြစ်ကြောင်း ရေးတင်ခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်စလုံးအား “နောက်ထပ် တိုးမြင့်လာမယ့် ရန်လိုမှုတွေကို ရှောင်ရှားရန်” တောင်းဆိုခဲ့ပြီး ပါကစ္စတန် ၀န်ကြီးချုပ် ရှာဘတ်ဇ် ရှရစ် က ပူတင်ရဲ့ နေအိမ်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းအပေါ် ရှုတ်ချခဲ့ပါတယ်။
"ပါကစ္စတန်သည် ရုရှားဖက်ဒရေးရှင်းသမ္မတ၊ အစိုးရနှင့် ရုရှားပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ကို ဖော်ပြပါတယ်" လို့ ၎င်းက ၎င်းရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment