တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်




ထားဝယ်  ၊ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး ဒီဇင်ဘာ  ၃၁ ရက်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဒီဇင်ဘာ ၂၈ ရက်နေ့ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲအပိုင်း(၁)ကို တိုင်းဒေသကြီးအတွင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁) တွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးရာတွင်လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများဆန္ဒမဲပေးရာ၌ အုပ်ချုပ်မှုအပိုင်းတွင် ရှိသော တာဝန်ရှိသူမျာက မဲစာရင်းများမကျန်ရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ပြီး အဓိကအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ  ဆန္ဒမဲပေးသည့်အခါ  အချိန်ကြံ့ကြာမှုမရှိစေရန်နှင့်မှတ်ပုံတင်များကိုပါ တစ်ပါတည်းယူဆောင်ရေး နှိုးဆော်ပေးရန်လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများမဲရုံသို့ရောက်ရှိသည့်အခါ သက်‌‌တောင့်သက်သာစွာ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ဇုန်အလိုက်လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)၏ ရလဒ်များအပေါ် အားသားချက်/အားနည်းချက်များ၊ ရွေးကောက်ပွဲအပိုင်း (၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)