ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များရောက်ရှိ

 



ပန်းဘဲတန်း  ၊ ဒီဇင်ဘာ ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့နံနက် ၁၁ နာရီ အချိန်ကရောက်ရှိရာ ပန်းဘဲတန်းမြို့မရဲ စခန်းတွင်ထားရှိကြောင်းသိရသည်။

အဆိုပါ MEVM မဲပေးစက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်း သားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ ပန်းဘဲတန်းမြို့ နယ်တွင် မဲရုံစုစုပေါင်း (၁၂) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၆၇) လုံး အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် နည်းပြများနှင့် စက်ကိုင်တာ၀န်ထမ်းဆောင်မည့်သူများက တပ်ဆင်သွား မည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၉ ရက်နေ့တွင် မဲရုံများအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)