ဟင်္သာတ ၊ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက် ဗီဒီယိုကလစ်အား ပြသပါသည်။ ဆက်လက်၍ သိုင်းအဖွဲ့မှသရုပ်ပြသခြင်း၊ အ.လ.က(၄) သမီးငယ်လေးများမှ အေရိုးဗစ်သရုပ်ပြတင်ဆက်ခြင်းနှင့် ဟင်္သာတခရိုင် အမျိုးသမီးရေးရာ အဖွဲ့မှအမျိုးသမီးငယ်များမှ Fitness Dance ဖြင့် တင်ဆက်ခဲ့ကြပြီး သရုပ်ပြတင်ဆက် ပြသခဲ့သောအဖွဲ့များအား ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာအောင်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းတို့က သရုပ်ပြအဖွဲ့များနှင့် နည်းပြဆရာမများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ ဖိတ်ကြားထားသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သရုပ်ပြအဖွဲ့များ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment