နောင်မွန်းမြို့နယ်၌ (၇၆) နှစ်မြောက် ရဝမ်အမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်မွန်းမြို့နယ်၌ (၇၆) နှစ်မြောက် ရဝမ်အမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ






နောင်မွန်း  ၊ ဒီဇင်ဘာ ၉

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ အမျိုးသားရေးစိတ်ဓါတ်မြှင့်မာလာပြီး စည်းလုံးညီညွတ်မှုပိုမိုခိုင်မာလာစေရန်နှင့် အမျိုးဘာသာသာသနာနှင့် စာပေယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက်ရဝမ်အမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နံနက် ၁၁ နာရီတွင် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံးဝင်း၌ မြို့နယ်လုံးကျွတ်ပါဝင်စုပေါင်းကာ စည်းကားသိုက်မြိုက်စွာကျင်းပသည်။

အခမ်းအနားတွင် ပထမဦးစွာသင်းအုပ်ဆရာဦးဝဒမ်း‌ခေါင်ဖုန်ရမ်၏ဆောင်မှုဖြင့် အဖွင့်ဝတ်ပြုဆုတောင်းခဲ့ကြပြီး မြို့နယ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမယစ်ဖုန်ရမ်က (၇၆) နှစ်မြောက်ရဝမ်အမျိုးသားနေ့အတွက် မြန်မာနိုင်ငံစာပေနှင့်ယဉ်ကျေးမှုအသင်းမှပေးပို့သည့် ရဝမ်အမျိုးသား‌နေ့သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က ရဝမ်အမျိုးသားနေ့အတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဒုတိယဥက္ကဋ္ဌ ဦးဆန်နိုင်ဒီးရှင်းက ရဝမ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် ရဝမ်လူမျိုးများ၏သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားသို့တက်ရောက်လာသူများက ရဝမ်ရိုးရာမနောတိုင်‌ရှေ့တွင် အောင်ပွဲခံအဇီလမ်အက (ခေါ်) ရဝမ်ရိုးရာမနောအကကို ပျော်ရွှင်စွာပါဝင်ဆင်နွဲကခဲ့ကြ‌ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)