ကော့မှူး ၊ ဒီဇင်ဘာ ၉
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး ဒို့အတူတူမဲပေးကြမယ် Billboard များ စိုက်ထူခြင်းကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ လမ်းဆုံ၊ လမ်းခွများနှင့် လူစည်းကားရာနေရာများ၌ စိုက်ထူပြီးအမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Billboard များကို လူစည်းကာရာ နေရာများဖြစ်သော မြို့မဈေးကြီးရှေ့၊ လက်ခိုက်ကျေးရွာ၊ လာဝတီကျေးရွာ၊ မကျီးကန်လမ်းဆုံနှင့် ရပ်ကွက်/ကျေးရွာများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ် Billboard များ စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ကားများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မော်တော်ယာဉ်များတွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စတစ်ကာများ ကပ်ခြင်းဆောင်ရွက်နေကြကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost
No comments:
Post a Comment