ကော့မှူး ၊ ဒီဇင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဒေါက်တာ ထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် K & F Company မှ တာဝန်ယူဆောင်ရွက်သည့် ကျိုက်ထော်-ကျုံလတာ-အောက်ကျောင်း-ဥတို-သမဲ့လမ်းပေါ်ရှိ (48 m) ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုမြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အသွေးအသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ကျိုက်ထော်-ကျုံလတာ-အောက်ကျောင်း-ဥတို-သမဲ့ လမ်းပေါ်ရှိ (48 m) ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် လှုမှုစီးပွားဘဝပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost
No comments:
Post a Comment