အမရပူရမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်



အမရပူရ ၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မွှေးမွှေးအုန်းက ကျောင်းသား၊ ကျောင်းသူများကို ဟောပြောပေးသည့် အသိပညာများ သေချာဂရုစိုက်နားထောင်ရန် ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ကျောင်းသားများ အသိပညာဗဟုသုတရရှိစေရန် လူငယ်များ သိသင့်သိထိုက်သည့် ဗလငါးတန်အကြောင်းအရာများ၊ လိုက်နာရမည့် စည်းကမ်းများ၊ ပြင်ဗဟုသုတရရှိစေမည့်စာပေများ ဖတ်ရှုရန်လိုကြောင်းများကို အကျယ်တဝင့် ဟောပြောပေးခဲ့သည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေဝင်းထွန်းက အားကစားအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။    

ဆက်လက်ပြီး တက်ရောက်လာသောကျောင်းသူများက ပြသထားသော စာအုပ်၊ စာစောင်များနှင့်နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)