တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ

 



နေပြည်တော်  ၊ ဒီဇင်ဘာ ၁၀


တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးအား ယနေ့တွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှအရာရှိကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တတိယအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်က ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး နှစ်နိုင်ငံပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး အပြန်အလှန် အလှည့်ကျကျင်းပပြုလုပ်သွားခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍတွင် သတင်းအချက်အလက်စီးဆင်းမှုကို လျင်မြန်စွာ ဆောင်ရွက်နိုင်လာခြင်း၊ နည်းပညာဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်းလုပ်ဆောင်လာနိုင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ခန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအပြင် ပုံသဏ္ဍာန်ပြောင်းလဲလာသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အပြန်အလှန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တတိယအကြိမ် မြန်မာ-ရုရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov က ရုရှား၊ မြန်မာနှစ်နိုင်ငံအကြား ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျင်မြန်စွာပြုလုပ်နိုင်ရေးဆိုင်ရာ နည်းလမ်းများအား သတ်မှတ်ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် နှစ်နိုင်ငံပူးတွဲကော်မတီဥက္ကဋ္ဌများက ပြန်လည်သုံးသပ်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)