ဒီဇင်ဘာ - ၁၀
ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သက်နေတဲ့ တောင်ဆူဒန်နိုင်ငံက ကာလိုဂျီမြို့မှာ အကြမ်းဖက် RSF အဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မူလတန်းကလေးတွေနဲ့ ကျန်းမာရေး ဝန်ထမ်း ၁၁၄ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆူဒန်အာဏါပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေက RSF တပ်တွေက ကာလိုဂျီမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကို ဒရုန်းတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ မူလတန်းကျောင်းတစ်ခု ကို ဒရုန်းနဲ့တိုက်ခိုက်ပြီးနောက် သေဆုံး ဒဏ်ရာရသူတွေကို ကျေးလပ်ဆေးရုံတွေဆီကို ပို့ဆောင်ဖို့လုပ်နေစဉ်မှာ နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်တဲ့ အတွက် အသေအပျောက်ကို ထင်တာထက်ပိုများခဲ့တာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ဒဏ်ရာရသူများကို အရေးပေါ်ကုသရန် ကော်ဒိုဖန် တောင်ပိုင်းက အဘူဂျီဘိုင်ဟာ မြို့ ဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း သိရပါတယ်။
WHO ညွှန်ကြားရေးမှူးချုပ် တီဒရိုစ် က သူ့ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာ အကောင့်မှာ ဒရုန်းတိုက်ခိုက်မှုတွင်ကလေး ၆၃ ဦး သေဆုံးခဲ့ကြောင်း မနေ့က ရေးတင်ခဲ့ပါတယ်။ သွေးလှူဒါန်းမှုနှင့် ဆေးဝါးထောက်ပံ့မှုများအတွက် အရေးပေါ်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ထားကြောင်း ၎င်းက ပြောပါတယ်။ "ဒဏ်ရာရသူတွေကို မူလတန်းကျောင်းကနေ ဆေးရုံကို ရွှေ့ဖို့ ကြိုးစားချိန်မှာ ဆေးမှူးတွေနဲ့ ကယ်ဆယ်ရေးသမားတွေ တိုက်ခိုက်ခံလိုက်ရတယ်” လို့ ရေးတင်ခဲ့ပါတယ်။
ဆူဒန်တွင် လူဦးရေ သန်း ၃၀ ကျော်ရဲ့ ထက်ဝက်ကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အစိုးရတပ်တွေ နဲ့ အကြမ်းဖက်တပ်တွေ ပဋိပက္ခစတင်ကတည်းက ပြည်သူ ကိုးသန်းကျော်က ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
REF: RT
#MNP #News #International


No comments:
Post a Comment