ဒီဇင်ဘာ - ၁၀
အမေရိကန်မှာ တရားမဝင်ရွှေ့ပြောင်းတွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်နေပေးတဲ့ လုပ်ငန်းကို တိုးမြှင့် လုပ်ဆောင်နေတဲ့ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ICEရဲ့ စီးနင်းမှုများနဲ့ ပတ်သက်ပြီး တရားမဝင် ရွှေ့ပြောင်းတွေ ကြောင့် အမေရိကန်အိပ်မက်ကို ပျက်စီးစေတယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ကာကွယ်ပြောဆို လိုက်ပါတယ်။
ဗန့်စ် က ရွှေ့ပြောင်းနေထိုင်သူတွေက အလုပ်အတွက် ပေါ်လာခြင်းမဟုတ်ကြောင်း ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ်ဦးနဲ့ ဗီဒီယိုတွေ့ဆုံမှုမှာ တုံ့ပြန်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ “အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုက အမေရိကန်အိပ်မက်ကို ခိုးယူမှုဖြစ်နေပါတယ်” လို့ အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူ မိသားစုမှ မွေးဖွားလာတဲ့ ဗန့်စ်ရဲ့ ဇနီးဖြစ်သူ က စနေနေ့တွင် သူမရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ "အဲ့ဒါက စနစ်ဟောင်းကြောင့် အမေရိကန်မှာ ချမ်းသာသွားကြတဲ့ သူတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပါ” လို့ ရေးတင်ခဲ့ပါတယ်။
အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေကြောင့် အိမ်ရာတွေ ဈေးတက်စေတယ်လို့ ဗန့်စ်က လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ပြောခဲ့ပါတယ်။ “လူငယ်တော်တော်များများက အိမ်ရာက အရမ်းဈေးကြီးတယ်လို့ ပြောနေကြတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ သန်း ၃၀ လောက်က တိုင်းပြည်ကို လွှမ်းမိုးထားလို့ပါပဲ” လို့ ပြီးခဲ့တဲ့လ ကတင် ဖောက်စ်နယူးစ် သတင်းဌာနနဲ့အင်တာဗျူး မျာပြောသွားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က တရားမဝင်ရွှေ့ပြောင်းတွေကို နှိမ်နင်းမှု စတင်ခဲ့ပါတယ်။ သူသည် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို အရှိန်မြှင့်ကာ အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးဖို့အတွက် အမိန့်ပေးခဲ့ပြီး အန္တရာယ်ရှိသော ရာဇဝတ်ကောင်များဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။
ဒီမိုကရက်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေးအဖွဲ့များက ဖက်ဒရယ်အေးဂျင့်များသည် အမေရိကန် နိုင်ငံသားများ၏ အိမ်ထောင်ဘက်များအပါအဝင် ရာဇဝတ်မှုမှတ်တမ်း သို့မဟုတ် အကြမ်းဖက်မှုမှတ်တမ်းမရှိသော လူများကို ပြည်နှင်ဒဏ်ပေးနေတယ်ဆိုပြီး ငြင်းခုံနေကြပါတယ်။ တက်ကြွလှုပ်ရှားသူများသည်လည်း ပြဉ်နယ် မြို့တော်အများအပြားရှိ ထိန်းသိမ်းရေးစခန်းများအပြင်တွင် ဆန္ဒပြမှုများ လုပ်ခဲ့ပြီး ဇွန်လနှင့် အောက်တိုဘာလ များတွင် 'No Kings' ချီတက်ပွဲများပြုလုပ် ဆန္ဒပြခဲ့ကြပြီး ထရမ့်ကို အာဏာအလွဲသုံးစားလုပ်တယ် ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment