လေရှီး ၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးချစ်ဆွေနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါဝင်များက ကြိုတင်မဲပုံးဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပုံစံ (၁၅) ဖြင့် တောင်းဆိုထားသော ကြိုတင်မဲပေးပို့လာသည့် မဲဆန္ဒရှင် (၁၀) ဦး၏ ကြိုတင်မဲလက်မှတ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ယနေ့မွန်းလွဲပိုင်း၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက MEVM မြန်မာအီလက်ထရောနစ်မဲပေးစက် Installation လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment