ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ



ရန်ကင်း  ၊ ဒီဇင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တော်ဝင်ဂုဏ်ထူးသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဆရာ” သီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး၊ တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှဆရာကြီး ဒေါက်တာစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲစတင်ခဲ့ရာ စာရေးဆရာမပေါက်ပေါက်က ထာဝစဉ်မမေ့အပ်တဲ့ရာဇဝင်နေ့မြတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမောင်မြတ်နိုး (ရန်ကင်း) က စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြာခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးနှင့် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်ကျောင်းမှ ဆရာ ဦးစွမ်းရည်ထက်တို့က စေ့စပ်ညှိနှိုင်းသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Gradr 10 မှ မလင်းလက်ကြည်ဖြူက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း မောင်နေဘုန်းတင်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချောရတနာခိုင်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုလဲ့ရတနာက လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းခန့်လင်းက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ထို့နောက် ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်အနိုင်ရရှိသူများအား အမှတ်တရဆုလက်ဆောင်များနှင့် ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာဦးသူရဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော စာဖတ်ရှိန်မြင့်တင်လှုပ်ရှားမှု နံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


လှလှထွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)