ပူတင်အိမ်ကို ယူကရိန်းက ဒရုန်း နဲ့ တိုက်ခိုက်လို့ ထရမ့် ဒေါသတွေ အကြီးအကျယ်ထွက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင်အိမ်ကို ယူကရိန်းက ဒရုန်း နဲ့ တိုက်ခိုက်လို့ ထရမ့် ဒေါသတွေ အကြီးအကျယ်ထွက်နေ


ဒီဇင်ဘာ - ၃၀ ( အင်္ဂါနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့နေအိမ်ကို ယူကရိန်းကဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှုတ်ချခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုသည် သူ့ကို အလွန်စိတ်ဆိုးစေကာ အခုလို ပဋိပက္ခကို သိမ်သိမ်မွေ့မွေ့ နဲ့ ရှင်းနေချိန်မှာ ပြသနာတွေကို ပိုရှုတ်အောင်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။  

နော့ဗ်ဂိုရော့ဒ် ဒေသရှိ ပူတင်ရဲ့နေအိမ်ကို တနင်္လာနေ့အစောပိုင်းက တာဝေးမောင်းသူမဲ့လေယာဉ်ဖြင့် ပြင်းထန်သော တိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။ ကာမီကာဇေဒရုန်း စုစုပေါင်း ၉၁ စင်းကို အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှုကို ရုရှားဘက်က အားလုံးနီးပါးကို ကြားဖြတ်ဟန့်တားပြီး ပစ်ချနိုင်ခဲ့ပါတယ်။ ရုရှားထိပ်တန်းအရာရှိများက အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့ပြီး လက်တုံ့ပြန်သည့်အနေ နဲ့  ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တွေကို မော်စကိုက စိတ်ဝင်စားတော့မှာ မဟုတ်ကြောင်း နဲ့ လက်ရှိရုရှားတောင်းဆိုထားတဲ့ အချက်တွေကိုတစ်ချက်မှ လျှော့ပေးတော့မှာ မဟုတ်ဘူး လို့ ၎င်းတို့က ဆိုပါတယ်။  

အိမ်ဖြူတော်အပြင်ဘက်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နဲ့ စကားပြောဆိုနေစဉ်မှာ ထရမ့်က ပူတင်ဆီကနေ တိုက်ခိုက်မှုအကြောင်း သိခဲ့ရတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ "မနက်စောစောမှာ ပူတင် တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ မကောင်းပါဘူး။ တိုမာဟောက်ခ်ဒုံးတွေကို မမေ့ပါနဲ့။ ငါ  အဲ့ဒါတွေ ပေး နေတာကို ရပ်ပစ်လိုက်လို့ရတယ်။ ဒီလိုမျိုး ကိစ္စတွေကို မလိုချင်ဘူး” လို့ အမေရိကန်က ယူကရိန်းကနေ အကြိမ်ကြိမ်တောင်းဆိုထားတဲ့ တိုမာဟောက်ခ် ဒုံးကျည်ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ 

သမ္မတနှစ်ဦးကြား အပြန်အလှန်ဖုန်းဆက်သွယ်မှုကို ကရင်မလင်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက် က အစောပိုင်းက အတည်ပြုခဲ့ပြီး ပူတင်၏နေအိမ်ကို တိုက်ခိုက်မှုကြောင့် ထရမ့်က က ထိတ်လန့်ခဲ့ရပြီး "ကျေးဇူးတင်ပါတယ် ဘုရားသခင်၊ ငါတို့ တိုမာဟောက်ခ်ဒုံးတွေ ယူကရိန်းကို မပေးရသေးဘူး" လို့ ပြောခဲ့ပါတယ်။ 

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကတော့ တိုက်ခိုက်မှုမလုပ်ခဲ့ဘူး လို့ ငြင်းဆိုထားပြီး ရုရှား က ယူကရိန်း နဲ့ အမေရိကန်ဆက်ဆံရေးကို ပျက်စီးအောင် လုပ်နေတယ်လို့ ပြန်ပြီး စွပ်စွဲလိုက်ပါတယ်။ ရုရှားသမ္မတပူတင်က ၎င်းရဲ့နေအိမ်ကို တိုက်ခိုက်ခံရတယ်ဆိုပြီး အကြောင်းပြချက်နဲ့ ယူကရိန်းအစိုးရအဆောက်အအုံများကို ဖြိုခွင်းဖို့အတွက် လုပ်နေတာလို့လည်း ဆိုပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)