ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက် ထောက်ပံ့ငွေပေးအပ်









ပုဇွန်တောင်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့်စက်တင်ဘာလ(၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်း ဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များက ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်မှ ယာယီနေရပ်စွန့်ခွာပြည်သူနှင့်ဝန်ထမ်း စုစုပေါင်း (၄၉၈) ဦးရှိသည့်အနက် လာရောက်ထုတ်ယူသူ (၄၀၇)ဦး အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့်  လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ခရီးလွန်နေ၍ တက်ရောက်မယူနိုင်သူ (၉၁)ဦးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)