တာချီလိတ်မြို့၌ ဆန္ဒမဲပေးစဉ် မဲပေးစက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်း ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ဆန္ဒမဲပေးစဉ် မဲပေးစက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်း ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်





‎တာချီလိတ်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးစဉ် အီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းခြင်းဖြစ်ပေါ်ပါက ဆက်လက်မဲပေးခြင်းဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ မွန်းလွဲ ၂ နာရီက အောင်မြတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းများအပါအဝင်) အီလက်ထရောနစ်မဲပေးစက် အသုံးပြုသည့် မဲရုံနေရာချထားမှုပုံစံဖြင့် ဆောင်ရွက်စဉ် မဲပေးစက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းခြင်းဖြစ်ပေါ်ပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်နိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ အနေဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)