ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ခရစ်နှစ် ၂၀၂၅ခုနှစ်ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်သို့ ကူးပြောင်းသည့်အထိမ်းအမှတ် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့မြန်မာနိုင်ငံတွင်လည်း ရန်ကုန်မြို့ပြည်သူ့ရင်ပြင်နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကို ပြည်သူ့များက တစ်ညီတစ်ညွတ်တည်း ကြိုဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူပြည်သားများအနေဖြင့်လည်း ယနေ့ ညနေပိုင်းမှစတင် ၍ နှစ်သစ်ကိုကြိုဆိုကြရန်မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက်များဖြင့် နှစ်သစ်ကို ကြိုဆိုရန် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များကျင်းပရာ ပြည်သူ့ရင်ပြင်သို့ရောက်ရှိလာကြပြီး နှစ်သစ်ကူးပြောင်းမည့်အချိန်အခိုက်အတန့်ကိုစောင့် မျှော်ဆင်နွှဲကာ စတုဒီသာများကျွေးမွေးမှုကို သုံးဆောင်နေကြသည်မှာ အထူးစည်းကားလျက်ရှိပေသည်။
ထို့ပြင် ဆီးမီးများဖြင့် ထွန်းလင်းတောက်ပလျှက်ရှိသည့် မြန်မာနိုင်ငံသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးစေတီတော်မြတ်ကြီး တစ်ဆူဖြစ်သည့်ရွှေတိဂုံစေတီတော်မြတ်ကြီးကိုနှစ်သစ်ကူးပွဲတော်လာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှပြည်သူများသည် ဖူးမြော်ကြည်ညိုပြီး ပြည်သူ့ရင်ပြင်ရှိရောင်စုံမီးလုံးမီးဆိုင်များအောက်၌ တပျော်တပါး ပျော်ရွှင်စွာ စုပေါင်းဓာတ်ပုံရိုက်နေကြသည်မှာ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှသော နှစ်သစ်ကြိုညတစ်ညပင်ဖြစ်သည်။
ထို့နောက် ပြည်သူ့ရင်ပြင်အလယ်ရှိ 2025 New Year CountdownFestival ဖျော်ဖြေရေးမဏ္ဍပ်၌
နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJပညာ ရှင်များ၊ အကအဖွဲ့များနှင့်မျိုးဆက်သစ်တေးသံရှင်များစွာတို့က မြူးကြွစွာ သီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နှစ်ကူးအချိန်ကာလကို အတူတကွ ဖြတ်ကျော်ကြသည်။
ယင်းနောက် နှစ်သစ်ကူးပွဲတော်လာရောက်လည်ပတ်ကြသူများစားရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့်အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင်ဆိုင်ခန်းပေါင်း၁၀၀ကျော်ဖွင့်လှစ်ရောင်း ချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူသန့်ရှင်းစွာစည်းကမ်းရှိသည့်ပွဲတော်ဖြစ်စေရေးအတွက်အမှိုက်များစနစ်တကျစွန့်ပစ်ရန်၊ အမှိုက်ပုံးများအပြင် Mobille Toilet များထားရှိဆောင်ရွက်ပေးထားသည်။
ထို့အပြင် ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးချိန်ကာလဖြစ်သည့် ည ၁၂ နာရီမရောက်မီနှစ်ကူး Countdown ကိုတပျော်တပါး ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟုတစ်ညီတစ်ညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းမျာပစ်ဖောက်၍ နှစ်သစ်ကိုပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း၊ ပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ယာဉ်ဖြင့်အခမဲ့အသွားအပြန် ပို့ဆောင်ပေးထားပြီး လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News








No comments:
Post a Comment