ရန်ကုန် ၊ ဇန်နဝါရီ ၃၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်နေ လူနာ၏နေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များအား အဘိတ်ဆေးခပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် နေအိမ်များနှင့် နေအိမ်ဝန်းကျင်များရှိ ရေတွင်း၊ ရေကန်များနှင့် ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်း၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment