မန္တလေး၊ ဇန်နဝါရီ ၃၀
TNLA, PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် အစိုးရယန္တရား ပျက်ပြားခဲ့ရသည့် မိုးကုတ်မြို့သို့ ယမန်နေ့က ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့တွင် TNLA, PDF အကြမ်းဖက်အဖွဲ့များ ကာလရှည်ကြာ အခြေပြုနေထိုင်သွားခဲ့ပြီး ဒေသခံပြည်သူများ၏ လုပ်ငန်းများကို ဖျက်ဆီးကာ တရားမဝင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် လမ်းကြောင်းတလျောက်ရှိ အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မိုးကုတ်မြို့ရှိ ပရဟိတလူငယ်များက နေရပ်ပြန်လိုသည့် မိုးကုတ်ဒေသခံပြည်သူများကို ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိသည်။
#MNP #News


No comments:
Post a Comment