ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်


နေပြည်တော်၊ ဇန်နဝါရီ ၃၀

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) အောင်မြင်စွာ ကျင်းပနိုင်ရေးသတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးသို့သတင်း၊ ပြန်ကြားရေးနှင့်ဖျော်ဖြေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီဝင် များနှင့်တာဝန်ရှိသူများ တက် ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီအတွက် သတ်မှတ်ပေးအပ်ထားသော လုပ်ငန်းတာဝန်များကဏ္ဍအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဖျော်ဖြေရေး လုပ်ငန်းများအတွက် သတ်မှတ်နေရာ၌ စင်မြင့်ဆောက်လုပ်မှုနှင့် ဖျော်ဖြေမှုများစနစ်တကျဖြစ်စေရေး၊ ပွဲတော်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိ နိုင်ရန် Billboard များ စိုက်ထူ သွားရေး၊ ပြည်သူများကြိုတင်သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ သတင်းစာနှင့် အွန်လိုင်းများတွင် စတင်ဖော်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ ပြခန်း ခင်းကျင်းပြသမှုများအပြင် ဖျော်ဖြေတင်ဆက်မှုများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)