ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ထား



ပုသိမ်ကြီး    ၊ ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိမဲရုံပြင်ဆင်ထားမှုအခြေအနေကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ  ဇန်နဝါရီ ၂၀ရက် နံနက်ပိုင်းက လှည့်လည်ကြည့်ရှုသည်။

ဦးစွာ  ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာအုပ်စုနှင့် မြို့မရပ်ကွက်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲနံပါတ်များကို Mobile Tablet ဖြင့် လွယ်ကူလျင်မြန်စွာ ရှာဖွေပေးနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ အမိုးအကာအောက် စိတ်အေးချမ်းသာစွာမဲပေးနိုင်ရေး ပြင်ဆင်ထားမှုများ၊ ပြည်သူများ ဆန္ဒမဲပေးမည့် အဆောက်အဦ၊ မဲဆန္ဒရှင်ပြည်သူများ သက်တောင့်သက်သာ ရှိစေရန် ပလပ်စတစ်ထိုင်ခုံများ စနစ်တကျထားရှိမှုများ၊ မဲရုံတည်နေရာပြလမ်းညွှန်အမှတ်အသားများ၊ မဲရုံအတွင်း ခင်းကျင်းပြင်ဆင်ထားမှုအစရှိသည်များကို လှည့်လည်ကြည့်ရှုကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျသူများနှင့် ရပ်/ကျေးစာရေးများအား မဲရုံများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)