ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း ကော့ကရိတ်မြို့ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း ကော့ကရိတ်မြို့ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြား


ဘားအံ   ၊ ဇန်နဝါရီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)နှင့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများသည် ယ

မန်နေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဒေါနခန်းမသို့ သွားရောက်ပြီး ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံက ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံမဖွင့်မီဆောင်ရွက်ရမည့်အချက်များ မဲပေးနေချိန်နှင့် မဲရုံပိတ်သိမ်းချိန်များတွင် ဆောင်ရွက်ရမည့် အချက်များအား တွေ့ဆုံရှင်းလင်းပြောကြားပြီး၊ အ‌ရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရွေးကောက်ပွဲတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း အချက်အလက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ်နှင့် ကျုံဒုံးမြို့ရှိ ရွေးကောက်ပွဲကျင်းပရန် မဲရုံများဖွင့်လှစ်ထားရှိသည့် မဲရုံများ၏ မဲရုံများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ကော့ကရိတ်မြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယပိုင်းတွင် မဲရုံစုစုပေါင်း (၂၅)ရုံ ဖွင့်လှစ်ပြီး မဲပေး ပိုင်ခွင့်ရှိသူ ဦးရေ (၃၈၀၃၈)ဦး ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)