သီပေါမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများ






 သီပေါ၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ကျင်းပရာ  မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများ-


ဦးအောင်ကျော်မိုး

ယခုလို မဲပေးရတဲ့အတွက် နိုင်ငံသားတစ်ဦးရဲ့တာဝန်ကျေပွန်တယ်လို့ခံစားရပါတယ်။  မဲပေးစက်နဲ့ပေးရတဲ့အတွက်လည်း  အရမ်း အဆင်ပြေပါတယ်။ ကိုယ်ပေးချင်တဲ့ကိုယ်စားလှယ်ကို ခလုတ်တစ်ချက်နှိပ်ပြီးပေးလိုက်ရုံပါပဲ။


မနွေးရတီဦး

မဲပေးဖို့ကို မနက်စောစောကလာခဲ့တာပါ။ ပထမဦးဆုံးအကြိမ်ဖြစ်လို့  အရမ်းစိတ်လှုပ်ရှားပါတယ်။ အမေတို့တွေမဲပေးတာကိုတော့ကြားဖူးပါတယ်။ အခုလိုမဲပေးစက်နဲ့မဟုတ်ခဲ့ပါဘူး။ အခုစက်နဲ့ မဲပေးရတာအရမ်းအဆင်ပြေပါတယ်။ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်မယ်လို့ယုံကြည်စွာနဲ့ ရွေးချယ်မဲပေးခဲ့ပါတယ်ရှင့်။


မခိုင်သဇင်မြင့်

မဲပေးတာ ဒီတစ်ကြိမ်နဲ့ဆို(၃)ကြိမ်ရှိပါပြီ။ အခုလိုမဲပေးစက်နဲ့ပေးရတာအရမ်းကိုအဆင်ပြေပါတယ်။ အချိန်ကုန်လည်းသက်သာတယ်။စနစ်တကျနဲ့စီတန်းပြီးမဲပေးတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်ရပါတယ်။ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရစေဖို့ ကျွန်မလိုမဲရုံကိုသွားပြီး မဲပေးကြပါလို့ အားလုံးကို ပြောကြားချင်ပါတယ်ရှင်။


ဦးစိုင်းအုံးကြွယ်

မဲပေးတာ(၄)ကြိမ်ရှိပါပြီ။ ဦးလေး ဒီတစ်ကြိမ်ပေးတာ အဆင်ပြေတယ်။ စက်ခလုတ်နှိပ်ရုံပဲဆိုတော့ မှားစရာမရှိသလို မြန်ဆန်တော့ အရမ်းကောင်းပါတယ်။ နိုင်ငံအတွက်အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်တွေကိုတော့ ရွေးချယ်ပြီးပေးခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ပြီးသွားတယ်လို့ ခံစားရပါတယ်။


ဒေါ်သီတာထွန်း

ကျွန်မကတော့ မဲရုံမှူးတာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ မဲပေးတဲ့သူတွေ အတွက် လုံခြုံရေး၊ ကျန်းမာရေး အစစအရာရာအဆင်ပြေအောင်ဆောင်ရွက်ပေးထားပါတယ်။ ပြည်သူတွေကတော့ နံနက်စောစောလာစောင့်ပြီးမဲပေးကြပါတယ်။ လွတ်လွတ်လပ်လပ်နဲ့စိတ်ချမ်းသာစွာ မဲပေးနိုင်အောင် ကျွန်မတို့မဲရုံတာဝန်ကျသူတွေအားလုံး အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက် ပေးထား ပါတယ်ရှင်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)