အမေရိကန်ကို ပြန်ချဖို့အတွက် အီရန်တော်လှန်ရေးအစောင့်တပ်တွေရဲ့ လက်တွေက ခလုတ်မောင်းပေါ်မှာ အသင့်ရှိနေပါတယ်လို့ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ကို ပြန်ချဖို့အတွက် အီရန်တော်လှန်ရေးအစောင့်တပ်တွေရဲ့ လက်တွေက ခလုတ်မောင်းပေါ်မှာ အသင့်ရှိနေပါတယ်လို့ဆို


ဇန်နဝါရီ - ၂၅ ( တနင်္ဂနွေနေ့ ) 

အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) သည် အမေရိကန် သို့မဟုတ် အစ္စရေးတို့၏ ရန်လိုမှုမှန်သမျှကို ခုခံကာကွယ်ရန် ၎င်းတို့ရဲ့ “လက်ချောင်းများ” က ခလုတ်မောင်းတွေပေါ်မှာ အသင့်ရပ်တည်နေကြောင်း တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက် ပတ်ပူက သတိပေးခဲ့ပါတယ်။ အီရန်နိုင်ငံက ပြီးခဲ့တဲ့ ရက်သတ္တပတ်များ အတွင်း ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဲ့ဒိအသံထွက်လာတာပဲ ဖြစ်ပါတယ်။ 

ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံတော်ငွေကြေးပြိုကွဲမှုတို့ကြောင့် ဒီဇင်ဘာလနှောင်းပိုင်းတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲတွေ နောက်မှာ အကြမ်းဖက်အဓိကရုဏ်းများအဖြစ်သို့ လျင်မြန်စွာဖြစ်သွားခဲ့ပါတယ်။  အီရန်အာဏာပိုင်များရဲ့အဆိုအရ ရက်သတ္တပတ်များအတွင်း အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၃၀၀၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်နှင့် အစ္စရေးတို့က မတည်ငြိမ်မှုများကို လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း တီဟီရန်ကို ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့ပြီး အီရန်ဆန္ဒပြသူများအား “အကူအညီပေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။ 

ဗိုလ်ချုပ်ကြီးသည် အမေရိကန်နှင့် အစ္စရေးအား “မှားယွင်းသော တွက်ချက်မှုများ” ပြုလုပ်ခြင်းမပြုရန် သတိပေးခဲ့ပြီး ရန်လိုသူတိုင်းအပေါ်  “နာကျင်ဖွယ်ရာနှင့် ဝမ်းနည်းဖွယ်ကံကြမ္မာ” ကို ထိခိုက်စေမယ်လို့ ကတိပြုခဲ့ပါတယ်။ IRGC သည် အီရန်ကို ကာကွယ်ရန် ယခင်ကထက် ပိုမိုအဆင်သင့်ဖြစ်နေပြီလို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 

အီရန်ကို အင်အားသုံးမယ်လို့ ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ပြီးနောက် သမ္မတ ထရမ့် က သူ့ရဲ့ နှုတ်ထွက်စကားတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က အတန်ငယ် လျော့ချလိုက်ပြီး အီရန်ကို တိုက်ခိုက်ဖို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုတွေ နီးကပ်လာနေပြီလို့ ဖော်ပြတဲ့ သတင်းတွေကြောင့် အဲ့လို မှတ်ချက်ပေးခဲ့တာပါ။


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)