တောင်အာဖရိကမှာ အွန်လိုင်း လူလိမ်တွေကို ဖော်ထုတ်ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်အာဖရိကမှာ အွန်လိုင်း လူလိမ်တွေကို ဖော်ထုတ်ဖမ်းဆီး


ဇန်နဝါရီ - ၃၀ ( သောကြာနေ့ ) 

တောင်အာဖရိက ရဲတပ်ဖွဲ့က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ရင်းနှီးမြှုပ်နှံမှု လိမ်လည်သူ ခြောက်ဦးနှင့်အတူ ခေါ်ဆိုရေးစင်တာ အေးဂျင့် ၂၅ ဦး တို့အား အင်္ဂါနေ့က ဖမ်းဆီးခဲ့ပါတယ်။ 

၎င်းတို့အား ဘဏ္ဍာရေးအကြံပေးနှင့် ကြားခံဝန်ဆောင်မှုများ အက်ဥပဒေအား ချိုးဖောက်မှုဖြင့် တရားစွဲဆို ထားပါတယ်။ အသက် ၃၈ နှစ်မှ ၆၁ နှစ်ကြားရှိ တရားခံများကို  ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေစိုးမိုးရေး အေဂျင်စီများ ပါဝင်သော ပူးပေါင်းဖယ်ရှားရေးအဖွဲ့က စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အဆိုပါ စစ်ဆင်ရေးသည် အွန်လိုင်း လိမ်လည်လှည့်ဖြားမှုများနှင့် နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ် ရဲ့ ကမ္ဘာလုံးဆိုင်ရာ  ချိတ်ဆက်မှု ဂျက်ကယ်ရဲ့ မစ်ရှင်တစ်ခုဖြစ်ပါတယ်။ 

ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင်အခြေစိုက်သော အင်တာပိုလ်ရဲ့ ပေါင်းစပ်ရဲ ပံ့ပိုးမှုအဖွဲ့ (IPSG) သည် စစ်ဆင်ရေးကို ပံ့ပိုးရန်အတွက် နိုင်ငံတကာဘဏ္ဍာရေးရာဇဝတ်မှုများ နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ညွှန်ကြားရေးမှူးရုံးမှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ခဲ့ပါတယ်။ အာဏာပိုင်များက နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး လိမ်လည်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအစီအစဉ်ကို ဆက်လက်စစ်ဆေးနေချိန်တွင် နောက်ထပ်စွဲချက် သို့မဟုတ် ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ 

အလားတူဖြစ်ရပ်မျိုးတွင် ဦးစားပေးရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (ဟော့ခ်) က ကိပ်တောင်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကိုဖြတ်ပြီး ခိုးယူမှုနှင့် ငွေကြေးခဝါချမှုလုပ်တဲ့ တရားခံ ၅ ဦးနဲ့ ကုမ္ပဏီလေးခုကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)