ဇန်နဝါရီ - ၂၄ ( စနေနေ့ )
အာဖဂန်စစ်ပွဲမှာ အမေရိကန်ရဲ့ မဟာမိတ်တွေရဲ့ အခန်းကဏ္ဍကို နှိမ့်ချပြီးပြောခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အားလုံးကို တောင်းပန်သင့်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က ပြောကြား လိုက်ပါတယ်။
၂၀၀၁ ခုနှစ်တုန်းက အမေရိကန်သည် ၉/ ၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှုပြီးနောက် နေတိုးရဲ့ပုဒ်မ ၅ ကို တောင်းဆိုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် အာဖဂန်နစ္စတန်ကို ကျူးကျော်ဖို့ ထောက်ခံရန် တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ထရမ့်က နေတိုးအဖွဲ့က အမေရိကန်အပေါ် ၎င်းတို့ရဲ့ ကတိကဝတ်များကို လျစ်လျူရှုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗိုစ် မြို့ရှိ Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က “အမေရိကန်ဟာ အခြားသူတွေရဲ့ အကူအညီကို ဘယ်တုန်းကမှ မလိုခဲ့ပါဘူး။ အမေရိကန်၏ နေတိုးမဟာမိတ်တွေကသာ ရှေ့တန်းကနေ အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ဗြိတိန်တပ်များရဲ့ ပံ့ပိုးကူညီမှုကို နှိမ့်ချတယ် ဆိုပြီးစွပ်စွဲကာ သောကြာနေ့တွင် စတားမာက ပြန်လည်တိုက်ခိုက်လိုက်ပါတယ်။ "သမ္မတ ထရမ့် ရဲ့ မှတ်ချက်တွေက စော်ကားသလိုဖြစ်နေတယ်။ ထိတ်လန့်စရာလို့ ကျနော်ယူဆပါတယ်၊ ပြီးတော့ အာဖဂန်မှာ သေဆုံးခဲ့ရတဲ့သူတွေ ဒါမှမဟုတ် ဒဏ်ရာရသူတွေရဲ့ ချစ်ရသူတွေကို အခုလို နာကျင်စေခဲ့တာ မအံ့သြပါတော့ပါဘူး" လို့ ၎င်းက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ထရမ့် ထံမှ တောင်းပန်လိုခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် စတာမာ က "တကယ်လို့များ ကျနော်သာ အဲဒီလို စကားမှားခဲ့တာ ဒါမှမဟုတ် အဲဒီလိုစကားတွေ ပြောဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် တောင်းပန်မှာပါ" လို့ ဖြေပါတယ်။
အာဖဂန်နစ္စတန်တွင် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည့် မင်းသားဟယ်ရီက ဗြိတိန်စစ်သားများ၏ စွန့်လွှတ်အနစ်နာခံမှုများကို “အမှန်အတိုင်း လေးလေးစားစား ပြောဆိုထိုက်တယ်” လို့ ဆိုပါတယ်။
ယူကေသည် အာဖဂန်နစ္စတန်တွင် အနောက်အုပ်စု တပ်ဖွဲ့ဝင်များထဲမှာ ဒုတိယအများဆုံး စစ်သား ထောက်ပံ့မှု ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တွင် ၁၁,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ အနှစ် ၂၀ ကြာ ပဋိပက္ခအတွင်း အမေရိကန် စုစုပေါင်း ၂၄၅၆ ဦးနှင့် ဗြိတိန်နိုင်ငံသား ၄၅၇ ဦး သေဆုံးခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment