မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြော




မြောက်ဥက္ကလာပ ၊ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမှတ် (‌‌၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းမြတ်ဆရာခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ် (‌‌၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စန်းစန်းဌေးကအမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက လူငယ်၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေခြင်းအကျိုးကျေးဇူးများ ရရှိစေခြင်း စသည့်အသိပညာဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး၊ မျိုးချစ်စိတ်ဆိုသည်မှာ မိမိ၏နိုင်ငံနှင့် လူမျိုးအပေါ်ထားရှိသော လေးနက်သည့် ချစ်ခင်မြတ်နိုးစိတ်၊ သစ္စာစောင့်သိစိတ်နှင့် တန်ဖိုးထားမှုကို ဆိုလိုပါကြောင်း၊ ဤစိတ်ဓာတ်သည် နိုင်ငံသားတိုင်းတွင် ရှိသင့်သည့် အခြေခံကျသော စိတ်ဓာတ်ကောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားခြင်း၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်ခြင်း၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း၊ မျိုးချစ်စိတ်သည် အခြားနိုင်ငံ သို့မဟုတ် အခြားလူမျိုးများအပေါ် မုန်းတီးခြင်းမဟုတ်ဘဲ မိမိနိုင်ငံကို ချစ်သလိုအခြားသူများ၏ ဂုဏ်သိက္ခာကိုလည်း လေးစားတတ်ခြင်းသည်သာ ယဉ်ကျေးသော မျိုးချစ်စိတ်ဓာတ်ဖြစ်ကြောင်း အသိပညာဗဟုသုတများအား အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့၀င်တစ်ဦးက မျိုးချစ်စိတ်ဓာတ်နှင့်ပတ်သတ်၍ ဆက်လက်ဟောပြောပေးခဲ့သည်။ထို့‌‌နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စာရေးဆရာအသင်းဥက္ကဋ္ဌအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းနှင့် ၀န်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများ အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)