ပိုလန်က ယူကရိန်းစစ်ဘေးရှောင်တွေကို ထောက်ပံ့ရေး လျှော့ချဖို့ ဥပဒေမူကြမ်း အတည်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုလန်က ယူကရိန်းစစ်ဘေးရှောင်တွေကို ထောက်ပံ့ရေး လျှော့ချဖို့ ဥပဒေမူကြမ်း အတည်ပြု


ဇန်နဝါရီ - ၂၃ ( သောကြာနေ့ ) 

ပိုလန်အစိုးရက ယူကရိန်း စစ်ဘေးရှောင်များအတွက် ပေးထားတဲ့ အခွင့်ထူးခံအခြေအနေအတွက် ပြည်သူ့အခွန်ထမ်းများအပေါ် ကောက်ယူတဲ့ စရိတ်စကအတွက် လူထုစိတ်မကျေမနပ်ဖြစ်နေစဉ် ယူကရိန်းရွှေ့ပြောင်းနေထိုင်သူများအတွက် အကျိုးခံစားခွင့်များ လျှော့ချပေးမဲ့ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပါတယ်။ 

အဆိုပြုထားသော ဥပဒေက ယူကရိန်းပဋိပက္ခ တိုးမြင့်လာမှုကို အရေးပေါ်တုံပြန်မှုအဖြစ် ၂၀၂၂ခုနှစ် မတ်လ တွင် ထုတ်ပြန်ခဲ့တဲ့ ယူကရိန်းနိုင်ငံသားများအတွက် ထောက်ပံ့ကူညီမှုဆိုင်ရာ အထူးအက်ဥပဒေအား ဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် ပိုလန်နိုင်ငံသားများနှင့် ကျယ်ပြန့်သော ငွေကြေးနှင့် လူမှုရေးဆိုင်ရာ အကျိုးခံစားခွင့်များကို ရယူနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။ 

 ဥပဒေသစ်မူကြမ်းသည် အရေးပေါ်အကူအညီမှ ပိုလန်ရှိ အခြားသော ဥရောပသမဂ္ဂ မဟုတ်သော နိုင်ငံခြားသားများနှင့် ယူကရိန်းနိုင်ငံသားများ၏ အခွင့်အရေးများကို ချိန်ညှိပေးသည့် စံပေါင်းစည်းမှုစနစ်သို့ ကူးပြောင်းသွားမှာဖြစ်ပါတယ်။

“အထူးဥပဒေကို လေးနှစ်ကြာ အသက်ဝင်ပြီး အခြေအနေ တည်ငြိမ်လာပြီးနောက် နိုင်ငံခြားသားအားလုံးအတွက် စနစ်ကျပြီး တန်းတူညီမျှတဲ့ စည်းမျဉ်းတွေကို ရွှေ့ထားပါတယ်” လို့ ဆိုပါတယ်။  

အဆိုပါဥပဒေသည် လွှတ်တော်နှင့် သမ္မတတို့၏ အတည်ပြုချက် လိုအပ်နေသေးသော်လည်း မတ်လတွင် အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းရဲ့ အဓိက ကျောထောက်နောက်ခံဖြစ်တဲ့ ပိုလန်က လွန်ခဲ့သည့် သုံးနှစ်အတွင်း ယူကရိန်း ရွှေ့ပြောင်းနေထိုင်သူများအတွက် ခိုလှုံရာ ထိပ်တန်းနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒိထဲမှာ ယူကရိန်းစစ်သားစုဆောင်းရေးမှ ထွက်ပြေးလာတဲ့ တိုက်ပွဲဝင်အရွယ် ယူကရိန်းအမျိုးသားများ ပါဝင်ပါတယ်။ 

ပိုလန်ဒုတိယဝန်ကြီးချုပ် က ယူကရိန်းရွှေ့ပြောင်းနေထိုင်သူတွေက “နောက်ဆုံးပေါ်ကားများ မောင်းနှင်ခြင်း သို့မဟုတ် ကြယ်ငါးပွင့်ဟိုတယ်များတွင် တည်းခိုနေသည်ကို မြင်တွေ့ရသည့်အခါတွင် ပိုလန်နိုင်ငံသားတွေ စိတ်ဓာတ်ကျကုန်တာပေါ့” လို့ ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)