တာမွေ၊ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ ဘော်လီဘောအားကစားရုံ၌ သက်ဆိုင်ရာမဲရုံအသီးသီးတွင် အသုံးပြုမည့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) များနှင့် မဲရုံသုံးပစ္စည်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များက သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့် မဲရုံသုံးပစ္စည်းများ ပေးအပ်ရာတွင် တာမွေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးမျိုးအောင် နှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာ မဲရုံမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် စာရေးများ၊ သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်းနှင့် ထိုကဲ့သို့ ပေးအပ်ရာတွင် လုပ်ငန်းအဆင်ပြေချောမွေ့စေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာ များက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ တာမွေမြို့နယ်၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၆-ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အပိုင်း(၃)အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်
#MNP #News






No comments:
Post a Comment