ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ကြားနာပွဲ ပြီးဆုံးသည့် မိန့်ခွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ကြားနာပွဲ ပြီးဆုံးသည့် မိန့်ခွန်း



လေးစားအပ်ပါသော အပြည်ပြည်ဆိုင်ရာတရားရုံး ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ဒုတိယ ဥက္ကဋ္ဌကြီးနှင့် တရားသူကြီးမင်းများ ခင်ဗျား၊

၁။ ယခုလို တရားရုံး၏ရှေ့မှောက်သို့ ပြန်လည်လာရောက်၍ မြန်မာနိုင်ငံ၏ အဆိုပြု ချက် တင်သွင်းခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အဆိုပြုချက် မတင်သွင်းမီ စကား အနည်းငယ် ပြောကြားလိုပါကြောင်း၊

၂။ ယခု ရက်သတ္တပတ် ၃ ပတ်အကြာ ပြုလုပ်သည့် ကြားနာပွဲပြီးဆုံးမှုနှင့်အတူ တရားရင်ဆိုင်မှုတွင် ပါဝင်သူအားလုံးလည်း ပင်ပန်းသွားကြပြီဖြစ်ကြောင်း၊ တရားရုံး တွင်လည်း ယခုကဲ့သို့ ရှည်လျားသည့် ကြားနာပွဲမရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကြားနာပွဲတွင် နှစ်ဘက်လျှောက်လဲချက်များကို တရားသူကြီးများက အလေး ထားပြီး ဆင်ခြင်သုံးသပ်ပေးမည် ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန် သည် တရားရုံးအတွက် အလုပ်များနေချိန်ဖြစ်နေကြောင်း၊ ယင်းကြားမှ အချိန်ပေးပြီး အထူးတလည် ဆောင်ရွက်ပေးသည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း၊

၃။ သို့သော် အမှုအတွက် အချိန်ပေးရန်နှင့် အာရုံစိုက်ပေးရန် အရေးကြီးပါကြောင်း၊ ထူးခြားသည့် အမှုလည်းဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အလွန်အရေးကြီးပါကြောင်း၊ ဤအမှုကို ပြည်တွင်း၌ မျက်ခြည်မပြတ် စောင့်ကြည့်နေကြ ကြောင်း၊ ယခု ရက်သတ္တပတ်(၃)ပတ်အတွင်း ပြည်တွင်း၊ပြည်ပ၌ အလေးပေးစောင့် ကြည့်နေသူများအနေဖြင့် အမှု၏ ရှုပ်ထွေးနက်နဲမှုကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ကြီးလေးသည့် စွပ်စွဲချက်ကို ကာကွယ်ရသည့်အနေအထား ကိုတော့ အနည်းဆုံး သိရှိခွင့်ရရှိကြမှာဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူများအပြင် နောင် လာမည့်မျိုးဆက်သစ်များအတွက် အရေးပါသည့် အကျိုးစီးပွားအလို့ငှာ အမှုရင်ဆိုင် ရပုံနှင့် အဆင့်အတန်းရှိသည့် သက်သေများတင်သွင်း ရပုံကို သိရှိနိုင်မည်ဖြစ်ကြောင်း၊

၄။ ယမန်နေ့က ဂမ်ဘီယာမှ တင်သွင်းသည့် သက်သေသုံးဦးက အမှုအတွက် သက် သေထူ နိုင်ခြင်း မရှိကြောင်းကို မြန်မာရှေ့နေက လျှောက်လဲခဲ့ကြောင်း၊ ကြားနာပွဲကာလ အတွင်း မြန်မာက ယင်းကဲ့သို့ မေးခွန်းများထုတ်ခဲ့ကြောင်း၊ မြန်မာက လူမျိုးသုဉ်းစေမှု ဆိုင်ရာ သဘောတူ စာချုပ်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုကို မေးခွန်းထုတ်ခဲ့ကြောင်း၊ တစ်ဘက်က တင်သွင်းသည့် အချက်အလက်များ၏ ခိုင်မာမှုအပေါ် မေးခွန်းထုတ်ခဲ့ကြောင်း၊ ယင်းသို့ မေးခွန်းထုတ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဖြစ်စဉ်အမှန်ကို သိရှိစေလို၍ ဖြစ်ကြောင်း၊ ယင်းသို့

66 မေးခွန်းင န်းထုတ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဖြစ်စဉ်အမှန်ကို သိရှိစေလို၍ ဖြစ်ကြောင်း၊ ယင်းသို့ မေးခွန်းထုတ်ရခြင်းမှာ တရားရုံး အနေဖြင့် သမာသမတ်ကျစွာ အမှန်အတိုင်း တရားစီရင် မည်ကို ယုံကြည်၍ ဖြစ်ကြောင်း၊

၅။ နိဂုံးချုပ်အနေဖြင့် တရားရုံးမော်ကွန်းထိန်းနှင့် မော်ကွန်းထိန်းဌာနတွင် တာဝန် ထမ်းဆောင်နေသူအားလုံး၊ စကားပြန်များ၊ လုံခြုံရေးအဖွဲ့များအပြင် ကြားနာပွဲ အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်ရေးအတွက် အလေးပေး ဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ၏ လျှောက်လဲချက်များကို အလေးအနက်ထား နားထောင်ပေးခဲ့သည့် တရားရုံး၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင် တရားသူကြီး များအားလုံးကိုလည်း ကျေးဇူး တင်ရှိ ပါကြောင်း၊

၆။ ယခုမိမိအနေဖြင့် တရားရုံး၏ စည်းမျဉ်းဥပဒေ ပုဒ်မ ၆၀၊ အပိုဒ် ၂ အရ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံကိုယ်စား အောက်ဖော်ပြပါ အဆိုလွှာအတိုင်း စီရင်ဆုံးဖြတ် ကြေညာပေးနိုင်ပါရန် အပြည်ပြည်ဆိုင်ရာ တရားရုံးအား လျှောက်တင်အပ်ပါသည် -

(က) လူမျိုးသုဉ်းစေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှု မရှိသည့်အတွက် ပယ်ချပေးပါရန်၊

(ခ) တရားရုံးက ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်နှင့်

(ဂ) ဂမ်ဘီယာက အဆိုပြုသည့် နစ်နာကြေးပေးရန်အပြင် အခြားအဆိုပြုချက် အားလုံးမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)