ဂျာမန်အလုပ်သမားတွေ ဖျားနာခွင့် ခဏခဏတင်လို့ အဓိပတိကိုယ်တိုင်ပြောရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျာမန်အလုပ်သမားတွေ ဖျားနာခွင့် ခဏခဏတင်လို့ အဓိပတိကိုယ်တိုင်ပြောရပြီ


ဇန်နဝါရီ - ၁၉ ( တနင်္လာနေ့ ) 

အဓိပတိ ဖရိုင်ဒရစ် မားဇ် က နိုင်ငံရဲ့စီးပွားရေးကျဆင်းနေချိန်မှာ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ပိုမိုကြိုးစား လုပ်ဆောင်မည့်အစား ဝန်ထမ်းတွေက နှစ်စဉ် ပျမ်းမျှဖျားနာခွင့် ရက်သီတင်းပတ်သုံးပတ်နီးပါးကို ဘာကြောင့်ယူရတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ဘာဒန်ဝစ်သမ်းဘာဂ်မြို့မှာ မဲဆွယ်စည်းရုံးနေစဉ် မားဇ်က ကိုရိုနာဗိုင်းရက်စ် ကူးစက်ရောဂါ ကာလ အတွင်း ကျင့်သုံးခဲ့တဲ့ ဖျားနာခွင့် နဲ့ ပတ်သက်ပြီး "ဒီနေ့ခေတ်မှာ ဒါတွေလုပ်နေသေးတာ အဓိပ္ပာယ်ရောရှိပါသေးရဲ့လား” လို့တွေးမိပါတယ် ဆိုပြီး ပြောသွားပါတယ်။

"အဲဒိ ဖျားနာခွင့်တွေက တကယ်ရောဟုတ်ရဲ့လား၊ အဲဒါက တကယ်ရောလိုအပ်လို့လား” လို့ မေးခွန်း ထုတ်ခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးလျှင် ဖျားနာခွင့်ရက် ၁၄ ရက်နဲ့ နေ့တစ်ဝက်ယူနေတာကို ၂၀၂၄ နှစ်ရဲ့ အချက်အလက်တွေကိုကြည့်ပြီး သူက ပြောလိုက်တာပါ။ "အဲ့ဒါက ဂျာမနီရှိ လူများ နာမကျန်းမှုကြောင့် သုံးပတ်နီးပါး အလုပ်မလုပ်ဘူးဆိုတာကို ပြနေတဲ့ ကာလတွေဖြစ်တယ်” လို့ ဆိုပါတယ်။ 

“ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်… လက်ရှိ ကျွန်တော်တို့ ရရှိနေတဲ့ စီးပွားရေး စွမ်းဆောင်ရည်ထက် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရရှိဖို့ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

သူ့ရဲ့ဝေဖန်မှုက ဂျာမန်များအတွက် စဉ်ဆက်မပြတ်တွန်းအားပေးမှု "အလုပ်-ဘဝ ဟန်ချက်ညီမှုနှင့် တစ်ပတ်ကိုကို လေးရက်နဲ့လုပ်နေရင် ဒီနေ့ ကျွန်ုပ်တို့တိုင်းပြည်ရဲ့ သာယာဝပြောမှုကို အနာဂတ်တွင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့ အလုပ်ပိုလုပ်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

၂၀၂၂ ခုနှစ်တွင် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုတွင် ဂျာမနီပါဝင်ခဲ့တာကြောင့် စီးပွားရေးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ ယူကရိန်းပဋိပက္ခ မပြင်းထန်မီတွင် ဂျာမနီက သဘာဝဓာတ်ငွေ့ ၅၅ % အား ရုရှားကို အားကိုးခဲ့ရပါတယ်။ 

စျေးပေါသော ရုရှားစွမ်းအင် တင်သွင်းမှုကို စွန့်လွှတ်ရန် ဆုံးဖြတ်ချက်ခဲ့တာကြောင့် ဂျာမနီရဲ့ ၂၀၂၃ နဲ့ ၂၀၂၄ မှာ စီးပွားရေး ကျုံ့သွားခဲ့ရပါတယ်။ ဓာတ်အားခဈေးနှုန်းက ၁၄% ကနေ ၇၄ % အထိမြင့်တက်ခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)