ပုသိမ်ကြီး ၊ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်သည့် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီ ၁၇ ရက်က ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူးများနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မဲစာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ် မိတ္တူနှင့် UID ကတ်များကိုပါ တစ်ပါတည်းဆောင်ရွက်ပေးခြင်းကို ကံကောက်ကျေးရွာ၊ နန္ဒာမြောက်ကျေးရွာ၊ ငွေတောင်ကျေးရွာ၊ ရှင်တော်ကုန်းကျေးရွာနှင့် သလဲကုန်းကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment