မြဝတီ ၊ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးရှိ ဒေါ်ညွန့်ရီ စတိုးဆိုင်ရှေ့နှင့် ရတနာထွန်းရွှေဆိုင်ရှေ့တို့ တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူငါးဦးအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက်က အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ဆောင်ရွက်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဉာဏ်မြင့်နှင့်အဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်စဥ်တွင် သေဆုံးသူပြည်သူတစ်ဦး အတွက် ထောက်ပံ့ငွေကျပ် သုံးသိန်း၊ ဒဏ်ရာရရှိသူ ပြည်သူလေးဦး အတွက်တစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ကျပ်နှစ်သိန်၊ စုစုပေါင်း ပြည်သူငါးဦးအတွက် ငွေကျပ်ငါးသိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆောင်းနှင်းဖြူ
https://t.me/MyanmarNationalPost
No comments:
Post a Comment