ကျောက်ဆည် ၊ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာဌေးက လူသားတိုင်းအတွက် ကျန်းမာခြင်းသည် အဓိကဖြစ်ပြီး ကျောင်းသား/ကျောင်းတိုင်း ကျောင်းနေပျော်၍ ပညာတော်စေရန် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ငန်းများ နေ့စဉ်ပြုလုပ်စေရေး ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က သွေးလွန်တုပ်ကွေး၊ နှာစေးချောင်းဆိုး စသည့် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီး၌ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဆရာမ ၃ ဦး၊ ကျောင်းသား ၃၅ ဦး၊ ကျောင်းသူ ၄၀ ဦး စုစုပေါင်း ၇၅ ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment