မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

 


မြင်းခြံ  ၊ ဇန်နဝါရီ ၂၃

မြင်းခြံမြို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် မြို့လယ်ခေါင် နာရီစင်၊ အမှတ် (၂)ရပ်ကွက် လမ်းဆုံ၊ ပြောင်းပြာတံတားလမ်းဆုံ၊ အဝေးပြေးကားကွင်းလမ်းဆုံ၊ မြင်းခြံ-ညောင်ဦး လမ်းဆုံ၊ မော်မော်လမ်းဆုံနှင့် စည်ပင်သာယာဈေးကြီးတို့တွင် အစောင်ရေ ၃၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)