ဇန်နဝါရီ - ၈ ( ကြာသပတေးနေ့ )
ပြီးခဲ့တဲ့ စနေနေ့က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို အမေရိကန်ကွန်မန်ဒိုတွေ ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ ကျူဘား စစ်သား ၃၀ကျော် ကျဆုံး ခဲ့တယ်လို့ ကျူဘားဘက်က ပထမဆုံး အသေအပျောက် စာရင်း ကြေညာပြီးနောက်မှာ ဒီကနေ့တော့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အဲ့ဒိစစ်ဆင်ရေးမှာ အမေရိကန်ကွန်မန်ဒို ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။
ကာရာကတ်စ်ကို သီတင်းပတ်ကုန်က ဝင်ရောက်စီးနင်းမှုအတွင်း အမေရိကန် စစ်ဘက်ဝန်ထမ်း ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုသလို ဒေသခံမီဒီယာအဆိုအရ အမေရိကန်စစ်တပ် တိုက်ခိုက်မှုကြောင့် လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်မီဒီယာအများအပြားက ပင်တဂွန်သတင်းရင်းမြစ်များကို ကိုးကား၍ တပ်ဖွဲ့ဝင်ခုနစ်ဦးသည် သေနတ်ဒဏ်ရာခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ထဲမှ ငါးဦးသည် တာဝန်ကျရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကျန်နှစ်ဦးမှာ ပြန်လည်ကောင်းမွန်နေဆဲဖြစ်ကြောင်း ဖော်ပြကြပါတယ်။
အမည်မဖော်လိုသူ အရာရှိရဲ့ အဆိုအရ ဗင်နီဇွဲလားစစ်ဆင်ရေးမှာ အသေအပျောက် အရေအတွက်နဲ့ ပတ်သက်ပြီး အမေရိကန် ထောက်လှမ်းရေးက အချက်အလက်များ စုဆောင်းနေဆဲလို့ ဆိုပါတယ်။
ဗင်နီဇွဲလားစစ်တပ်ထုတ်ပြန်ချက်မှာတော့ မြို့တော် ကာရာကတ်စ်ကို အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေးအရာရှိ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၅၆ ဦးအထိ ရှိလာနေပြီး အသေအပျောက်စာရင်းက တိုးလာနိုင်စရာရှိတယ်လို့လည်း ပြောပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဗလာဒီမာ ပါဒရီနိုက တနင်္ဂနွေနေ့တွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ကြေညာချက်တွင် အမေရိကန်တပ်ဖွဲ့များသည် “မာဒူရို၏ လုံခြုံရေးအဖွဲ့၊ စစ်သားများနှင့် အပြစ်မဲ့အရပ်သားများ၏ အစိတ်အပိုင်းအများအပြားကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေး ဝန်ထမ်းများနှင့် အရပ်သားများ အပါအဝင် အနည်းဆုံး လူ ၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလား တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment