အကြမ်းဖက်လှုပ်ရှားမှုကို တော်လှန်ရေးဟု ပြောဆိုခဲ့သည့် ဦးလွင်မြင့်အား ထောင်ဒဏ် တစ်နှစ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်လှုပ်ရှားမှုကို တော်လှန်ရေးဟု ပြောဆိုခဲ့သည့် ဦးလွင်မြင့်အား ထောင်ဒဏ် တစ်နှစ်ချမှတ်


ရန်ကုန်၊ ဇန်နဝါရီ ၈

ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ ( ဂ ) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချလိုက်ကြောင်း သိရပါတယ် ပြည်သူ့ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးလွင်မြင့်သည် မဲဆွယ်စည်းရုံးရုပ်သံတစ်ပုဒ်တွင် သူ၏ အဖေသည် မဆလကို တော်လှန်ခဲ့သူဖြစ်ကြောင်း၊ သူကိုယ်တိုင် ၈၈ ခေါင်းဆောင်များနှင့်အတူ ဆထာင်အကြိမ်ကြိမ်ကျခဲ့သည့် နိုင်ငံဖေးသမားဖြစ်ကြောင်း၊ သူ၏ သားဖြစ်သူမှာလည်း ၂၀၂၁ တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း အကြမ်းဖက်လှုပ်ရှားမှုကို တော်လှန်ရေးဟု ပြောဆိုခဲ့ဖူးသည်။

သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း Accept NUG ဟူသော အကြမ်းဖက်အားပေး ပရိုဖိုင်ကို အသုံးပြုခဲ့ဖူးသည်။

သူ၏ ပြောဆိုမှု၊ လုပ်ဆောင်ချက်များကို ထောက်ပြပြောဆိုခဲ့သည့် မြန်မာနေရှင်နယ်ပို့စ်သတင်းအေဂျင်စီ ၏ အယ်ဒီတာချုပ် ကိုနောင်တော်လေး အား စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခဲ့သေးသည်။

တာဝန်ရှိသူများက ၎င်း၏ လုပ်ဆောင်ချက်များကို စိစစ်ပြီး အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)