ထားဝယ်၊ ဇန်နဝါရီ ၈
ထားဝယ်လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ပြီး အဆင့်မြှင့်တင်မှုသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အထောက်အကူပြုမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်လေဆိပ် အဆင့်မြှင့်တင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လေဆိပ်တွင် Airbus A320 ကဲ့သို့သော ကုန်တင်နှင့် ခရီးသည်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်စေရန် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထားဝယ်လေဆိပ် အဆင့်မြှင့်တင်ခြင်းအပြင် ထားဝယ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့ ဝန်ဆောင်မှုပေးသော လေယာဉ်ခရီးစဉ်များကို တိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်/
လက်ရှိထားဝယ်လေဆိပ်တွင် အရှည်ပေ ၁၂၀၀၀ နှင့် အကျယ်ပေ ၁၀၀ ရှိသော လေယာဉ်ပြေးလမ်းရှိပြီး လေဆိပ်၏ စုစုပေါင်းဧရိယာမှာ ဧက ၃၆၄.၆၇၇ ခန့်ရှိသည်။ ထို့အပြင် အကျယ်ပေ ၂၀၀ ရှိသော ရပ်နားရန်နေရာနှစ်ခုနှင့် အကျယ်ပေ ၆၀၀ နှင့် အကျယ်ပေ ၃၀၀ ရှိသော ရပ်နားရန်နေရာတစ်ခုရှိပြီး ပြည်တွင်း လေယာဉ်ငါးစင်းအထိ တစ်ပြိုင်နက်တည်း ရပ်နားနိုင်သည်။
ထားဝယ်လေဆိပ် အဆင့်မြှင့်တင်မှုသည် လေကြောင်းဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်နှင့် ထားဝယ်ဒေသသို့ ခရီးသွားလုပ်ငန်း တိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ရသည်။
#MNP #News

No comments:
Post a Comment