အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့ (ASI)က ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအပိုင်း(၂)ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့ (ASI)က ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအပိုင်း(၂)ဆောင်ရွက်လျက်ရှိ






ပုဂံ၊ ဖေဖော်ဝါရီ ၂

အိန္ဒိယနိုင်ငံ Archaeological Survey of India(ASI)အဖွဲ့က ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံ(၅၀)ဆူကို Phase-II အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီ၊ အင်္ဂတေပန်းတော့ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက် အအုံ(၁၅)ဆူကို လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံသဘောတူညီချက် (MoU)ပါအချက်အရ ASI အဖွဲ့အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော   လုပ်ထုံးလုပ်နည်းများ၊ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစံနှုန်းတို့နှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်နိုင်ရန်အတွက် ဒုတိယညွှန်ကြားရေးမှူး (ပြုပြင်/ထိန်းသိမ်း) ဦးဆောင်သော ဌာနအရာထမ်း/အမှုထမ်း(၆)ဦး၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်(၃)ဦး စုစုပေါင်း (၉)ဦးဖြင့် လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့သည်  ASI အဖွဲ့က အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံ အမှတ်-၅၀၅ (အရှေ့ကသဖ)၊ ၆၈၄၊ ၆၉၇(ဆင်ဖြူရှင်)၊ ၁၂၁၉ (သုံးလောကထွဋ်ခေါင်) ၊ ၁၄၉၉ (မီးငြိမ်းကုန်း)နှင့် ၁၆၇၀(မဟာဗောဓိ)တို့၏ လုပ်ငန်းဆောင်ရွက်မှုအား   ဖေဖော်ဝါရီ ၂ ရက်တွင် ကွင်းဆင်းစစ်ဆေးအကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။


ဒီပါလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)