ကနေဒါ ၊ ဂရင်းလန် နဲ့ ဗင်နီဇွဲလားကို အမေရိကန်ရဲ့ပြည်နယ် ၃ ခုဖြစ်အောင် လုပ်မယ်ဆိုပြီး ထရမ့်က အရွန်းဖောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကနေဒါ ၊ ဂရင်းလန် နဲ့ ဗင်နီဇွဲလားကို အမေရိကန်ရဲ့ပြည်နယ် ၃ ခုဖြစ်အောင် လုပ်မယ်ဆိုပြီး ထရမ့်က အရွန်းဖောက်


ဖေဖော်ဝါရီ - ၂ ( တနင်္လာနေ့ ) 

ကနေဒါ၊ ဂရင်းလန်းနှင့် ဗင်နီဇွဲလားတို့လို နိုင်ငံသစ်များအဖြစ် ပေါင်းထည့်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို ချဲ့ထွင်ရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ မှတ်ချက်ကို ဟာသအဖြစ် ဖော်ပြခဲ့ကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ 

စနေနေ့က နှစ်စဉ်ကျင်းပမြဲဖြစ်သော အယ်ဖယ်ဖာ ညစာစားပွဲတွင် စီအီးအိုများ၊ နိုင်ငံရေးသမားများနှင့် အခြားသော ဝါရှင်တန်ရှိ ထင်ရှားကျော်ကြားသူများ သီးသန့်စုဝေးတဲ့ ပါတီမှာ ထရမ့်က ပြောခဲ့တာပါ။ 

ဂျေပီမော်ဂန်ချေ့စ် အမှုဆောင်အရာရှိချုပ် ဂျမေး ဒီမွန် ၊ ပရဟိတသမား ဒေဗစ် ရူဘန်စတိန်း နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပိုဝဲလ် တို့ပါဝင်တဲ့ ပါတီမှာ ကလပ်အသင်းများအား ထရမ့်က ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ 

“ဒီအခန်းထဲမှာ ကျနော့်ကိုမုန်းနေတဲ့ သူတွေရှိသလို အများစုက ကျနော်ကို သဘောကျကြပါတယ်။ ကျနော်က ဂရင်းလန်းကျွန်းကို ကျူးကျော်မှာ မဟုတ်ပါဘူး။ ဝယ်မှာပါ။ ဂရင်းလန်း က ၅၁ ပြည်နယ်မြောက် မဟုတ်ပါဘူး။  ၅၂ ပြည်နယ်မြောက်ပါ။ ၅၁ ပြည်နယ်မြောက်က ကနေဒါပါ။ ၅၃ ပြည်နယ်မြောက်ကတော့ ဗင်နီဇွဲလားပါ” လို့ ပြောခဲ့ပါတယ်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်ကျွန်း၏ ဗျူဟာမြောက်တည်နေရာနှင့် အရင်းအမြစ်များသည် အမေရိကန်လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရယူဖို့ ထရမ့်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂရင်းလန်းကို ရုရှား နဲ့ တရုတ်တို့ရဲ့ အန္တရာယ်ကနေ ထိန်းသိမ်းဖို့ ဒိန်းမတ်နိုင်ငံ က အားနည်းလွန်းလို့ပါလို့ ဆိုပါတယ်။ 

ပြီးခဲ့သည့်နှစ်က ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ၅၁ ပြည်နယ်မြောက် "မြတ်နိုးအပ်သော" ပြည်နယ်ဖြစ်လာပါက ပိုကောင်းမယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ်ကိုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုပြီး သူက ခဏခဏပြောပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)